Dynamic Host Configuration Protocol (DHCP)



Dynamic Host Configuration Protocol (DHCP)

DHCP ဆိုတာလွယ်လွယ်ပြောရရင် IPတွေကို အလိုအလျှောက် သတ်မှတ်ထားတဲ့ ချမှတ်ပေးနိုင်းတဲ့ protocol တစ်ခုပါ။ကျွန်တော်ကို ဟာ ကွန်ပျူတာတစ်လုံးကို IP ပေးတော့မယ်ဆို နည်းလမ်းနှစ်ခုနဲ့ပေးလို့ရပါတယ်။ Statically assign နဲ့ dynamically assign ပေါ့။ Statically assign ကတော့ ကိုကြိုက်သလို manually assign ချပေးတာဖြစ်ပြီး dynamically assign ကတော့ computer မှာ obtain ထားပြီး DHCP server က IP ကိုတောင်းခံတဲ့နည်းဖြစ်ပါတယ်။

DHCP ဘယ်လိုအလုပ်လုပ်လဲလို့ပြောရင် ပထမဦးဆုံး နက်ဝေါ့တစ်ခုကိုချိတ်ဖို့ကြိုးစားတဲ့အခါ client ကနေ DHCPDISCOVER message တစ်နည်းပြောရရင် layer 2 address brocast MAC address  (FF-FF-FF-FF-FF-FF) F နှစ်လုံးခြောက်စုံ နဲ့ layer 3 address, brocast IP address 0.0.0.0 subnet 255 (255.255.255.255) ကိုလွတ်လိုက်ပါတယ်။

DHCP_Discover.jpg 


လွတ်လိုက်တဲ့ DHCPDISCOVER message ကို DHCP server က ရလျှင် DHCP Server က နေ client ရဲ့ pick up ကို ဖမ်းယူလိုက်ပြီး DHCPOFFER ပြန်လွတ် လိုက်ပါတယ်။ ပြန်လွတ်လိုက်တဲ့ MESSAGE ထဲမှာ subnet mask,default gateway,IP address lease time နဲ့ domain name server (DNS) တွေပါဝင်ပါတယ်။

DHCP_Offer.jpg

Client က DHCPOFFER ကို ပြန်ရလျှင် server ဆီ DHCPREQUEST message ကိုပြန်ပို့လိုက်ပါတယ်။ DHCPREQUEST message မှာလည်း broadcast message address တွေဘဲရှိနေတုန်းပါဘဲ all FF နဲ့ All Zero ပါဘဲ။

DHCP_Request.jpg

ှServer က Client ဆီကနေ DHCPOFFER ရလျှင် client ကို UNICAST DHCPACKNOWLEDGEMENT message (DHCPACK) ကိုပြန်ပို့လိုက်ပါတယ်။

DHCP_Acknowledgement.jpg



ဒီ DHCPDISCOVER, DHCPOFFER, DHCPREQUEST and DHCPACKNOWLEDGEMENT process ကို DORA လို့ခေါ်ပါတယ်။
တစ်ကယ်လို့ DCHP server နဲ့ client ဟာ network မတူ subnet မတူလျှင် DHCP Relay Agent လုပ်ဖို့လိုပါတယ်။တစ်နည်းပြောရင် Router တွေမှာ IP helper-address ကိုကြေငြာဖို့လိုပါတယ်။

Comments